Warning: Use of undefined constant CURRENT_THEME - assumed 'CURRENT_THEME' (this will throw an Error in a future version of PHP) in /home2/cp508933/public_html/www-mrdiscount-com-mm/wp-content/themes/ns-mrdiscount/functions.php on line 2316

Warning: Use of undefined constant CURRENT_THEME - assumed 'CURRENT_THEME' (this will throw an Error in a future version of PHP) in /home2/cp508933/public_html/www-mrdiscount-com-mm/wp-content/themes/ns-mrdiscount/functions.php on line 2317
Plastic Surgery အတွက် သွားရောက်လည်ပတ်သင့်သော ကျော်ကြားသည့်နိုင်ငံ (၁၂) ခု - Mr. Discount (Myanmar)

6 Dec 2019

News

Plastic Surgery အတွက် သွားရောက်လည်ပတ်သင့်သော ကျော်ကြားသည့်နိုင်ငံ (၁၂) ခု

အလှအပအတွက် ဆာဂျရီ ပြုလုပ်နှုန်းဟာ ကမ္ဘာနဲ့အဝှမ်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျှက်ရှိပါတယ်။ Plastic Surgery နဲ့ပါတ်သက်ပြီး ခွဲစိတ်ပြုပြင်မှုတွေအတွက် ဘယ်နိုင်ငံတွေဟာ တိုးရစ်တွေ အများဆုံး လက်ခံရရှိနေလဲဆိုတာ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်….

၁။ Dominican Republic

အမေရိကန် မြောက်ပိုင်းမှာ ရှိတဲ့ Dominican Republic နိုင်ငံဟာ ဆာဂျရီနဲ့ ပတ်သက်ပြီးထက်မြက်တဲ့ ဆရာဝန်တွေ ရှိတယ်ဆိုပြီး ကျော်ကြားပါတယ်။ အတွေ.အကြုံရင့်တဲ့ ဆရာဝန်တွေ ပြုလုပ်ပေးတဲ့ ဆာဂျရီကေ့စ်တိုင်းလိုလို အောင်မြင်တယ်လို့ဆိုပါတယ်။ ဆရာဝန်တွေ တော်သလို ကုန်ကျစရိတ်ကလဲ ကိုယ့်နိုင်ငံမှာထက်သက်သာ (ဥပမာ၊ US မှာလုပ်မယ်ဆို USD 6000 လောက်ကျမယ့်အစား Dominican Republic မှာ USD2000 ပဲကျသင့်)တဲ့အတွက် နှစ်စဉ် ကမ္ဘာအနှံ.အပြားက ထောင်နဲ့ချီတဲ့ ခရီးသွားတွေ ဟာအလှအပအတွက် Dominican Republic နိုင်ငံကို ခရီးသွားကြပါသတဲ့။

၂။ Thailand

ထိုင်းနိုင်ငံကတော့ မြန်မာနဲ့ နီးစပ်သလို ကိုယ့်နိုင်ငံက အနုပညာရှင်၊ မိတ်ကပ်ပညာရှင် အတော်များ အလှအပအတွက် ခွဲစိတ်မှုတွေ ပြုလုပ်ကြတာ ချစ်တို့ သိပြီးဖြစ်မှာပါ။ ထိုင်းဟာ အလှအပအတွက်သာမကပဲ အလည်အပတ်သွားရောက်ကြတဲ့ နိုင်ငံတွေထဲမှာ နာမည်ရပြီးသားဖြစ်ပါတယ်။ ကမ္ဘာတဝန်း (အဓိက အမေရိကန်လူမျိုးများ) မှ အတော်များများလာရောက်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ စရိတ်သက်သာတဲ့ အပြင် ဝန်ဆောင်မှုလဲ မြင့်တဲ့အတွက်အလှအပ ဆာဂျရီဆိုရင် ထိုင်းကို လာရောက်ကြတာများပါတယ်။ ဆာဂျရီဆရာဝန်အများစုဟာ သြစတေးလျ နှင့် အမေရိကန်မှ ဆာဂျရီအထူးပြု လက်မှတ်ရရှိထားတဲ့ သူတွေဖြစ်ပါတယ်။

၂။ Taiwan

ဆာဂျရီအကြောင်း ပြောတော့မယ်ဆို ရင်ထိုင်ဝမ်ဟာ မပါမဖြစ်လောက်အောင် နာမည်ကြီးပါတယ်။ ခုနောက်ပိုင်း Botox မှာလဲ အတော်လေး Trend ဖြစ်လာတဲ့ နိုင်ငံပါ။ ထိုင်ဝမ် နိုင်ငံသူ နိုင်ငံသားတွေကိုယ်တိုင်ငယ်ရွယ်နုနယ်တဲ့ အလှရဖို့ အိုမင်းခြင်းကာကွယ်ပေးတဲ့ Botox ကို နှစ်သက်စွာ ပြုလုပ်ကြပါတယ်။နောက် ပါရိုးမြှင့်တာတို့၊ မျက်ကွင်းညိုတာ ပျောက်အောင်တို့ စတာတွေလဲ ပြုလုပ်ကြပါတယ်။စစ်တမ်းကောက်ချက်အရ ၂၀၁၀ ခုနှစ်မှာတောင် လူ၂ သိန်းကျော် ထိုင်ဝမ်မှာ အလှအပဆာဂျရီ ပြုလုပ်တယ်လို့ဆိုပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့အပြင် ဆရာဝန်အများစုဟာ ပြည်ပနိုင်ငံတွေမှာသေချာလေ့လာပညာသင်ခဲ့တာဖြစ်တဲ့အတွက် စိတ်ချစွာ ဆာဂျရီပြုလုပ်ကြတာဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ ဖွ.ံဖြိုးတဲ့တိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လို့ ပံ့ပိုးပစ္စည်းနဲ့ လူနေမှု အဆင့်အတန်းဟာ အခြား ဖွ.ံဖြိုးပြီးနိုင်ငံအများစုနဲ့ ယှဉ်လို့ရပါသတဲ့။

၃။ United States of America

အမေရိကန်နိုင်ငံဟာ အလှအပဆာဂျရီအတွက် ထိပ်ဆုံးမှာ မရှိပေမယ့် အကျော်ကြားဆုံးနိုင်ငံတွေထဲမှာတော့ပါဝင်ပါတယ်။ ဟောလိဝုဒ် အကျော်အမော်တွေ အများဆုံး cosmetic surgery ပြုလုပ်ကြပါတယ်။
ဒါပေမယ့် ယခုခေတ်မှာတော့ ဆယ်လီတွေတင်မကဘဲ သာမာန်လူတွေလည်း အလှအပအတွက် ခွဲစိတ်ဓားတွေ၊ အပ်တွေ ခွဲစိတ်မှုအတွက် နာကျင်မှုတွေကို သိပ်မမှုကြတော့ပါဘူး။ US မှာ ခေတ်စားတဲ့ ခွဲစိတ်ပြုပြင်မှုတွေကတင်ကြီးအောင်ပြုပြင်ခွဲစိတ်ခြင်း၊ ရင်သားပြုပြင်ခွဲစိတ်ခြင်း နဲ့ နှုတ်ခမ်းပြုပြင်ခြင်းတို့ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုတွေအတွက် အများဆုံးပြုလုပ်ပေးတဲ့နှုန်းထားအရ မီယာမီ (Miami) ဟာထိပ်ဆုံးနေရာမှာရှိနေပြီး နယူးယောက် ကဒုတိယ၊ လော့စ်အိန်ဂျလိစ်( Los Angeles ) က တတိယနေရာမှာ ရှိနေပါတယ်။

၄။ Colombia

ဘရာဇီးရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကိုလံဘီယာနိုင်ငံဟာလည်း အလှအပခွဲစိတ်ပြုပြင်ပေးတဲ့နိုင်ငံထဲမှာ ကျော်ကြားတဲ့ နိုင်ငံတစ်ခုပါ။ နိုင်ငံအဝှမ်းက ဆာဂျရီပြုလုပ်ဖို့ လာကြတဲ့ Tourist တွေဟာ တစ်နှစ်ထက်တစ်နှစ်များပြားလို့နေပါတယ်။၂၀၁၀ ခုနှစ်အရ ကမ္ဘာအဝှမ်းက လူဦးရေ ၉သောင်းခန့်ဟာ ကိုလံဘီယာကို အလှအပအတွက် သွားရောက်ခဲ့တယ်လို့ စစ်တမ်းအရ သိရပါတယ်။ ကိုလံဘီယာရဲ့ ကျော်ကြား လူကြိုက်များတဲ့ ဆာဂျရီကတော့ နှုတ်ခမ်းခွဲစိတ်ပြုပြင်ခြင်းပါ။

၅။ Brazil (ဘရာဇီး)

ဘရာဇီးနိုင်ငံဟာ လှပတဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာမှာထင်ရှားပါတယ်။ နိုင်ငံလှပသလို အလှအပ ဆာဂျရီပြုလုပ်မှုမှာလဲ ကျော်ကြားပါတယ်။ 2013ခုနှစ်အရ ကမ္ဘာအဝှမ်းမှ ၁၅ မီလီယမ် လူဦးရေစုစုပေါင်းဟာ ဘရာဇီးမှာ လာရောက်ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အကောင်းဆုံးကတော့ ဘရာဇီးနိုင်ငံသားတွေဟာ အလှအပပြုပြင်မှုတွေအတွက် အခွန်ပေးဆောင်ဖို့ မလိုတာပါဘဲ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေအတွက် ပေးဆောင်ရမယ့် အခွန်ခဟာဝင်ငွေခွန်ထဲမှ နှုတ်ခွင့်ရှိပါသတဲ့။ ဘရာဇီးရဲ့ ကျော်ကြားတဲ့ ခွဲစိတ်ပြုပြင်မှုတွေကတော့ ရင်သားပြုပြင်ခြင်း၊ တင်ပင့်တင်ခြင်း နဲ့ နှုတ်ခမ်းပြုပြင်ခြင်းတို့ဖြစ်ပါတယ်။

၆။ Italy (အီတလီ)

ငယ်ရွယ်နုပျိုမှုတွေ စုဝေးရာလို့တောင်အလှအပအတွက် အီတလီကို ညွှန်းဆိုကြပါတယ်။ အရွယ်အိုမင်းရင့်ရော်မှုတွေ နှေးကွေးစေဖို့ အီတလီဟာ Anti-Aging Surgery တွေပြုလုပ်ရာမှာ ကျော်ကြားပါတယ်။ နှစ်စဉ်တိုင်းမှာ လူဦးရေ (၈)သိန်းကျော်ဟာ အိုမင်းမှုနှေးကွေးစေဖို့အတွက်ဆာဂျရီတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ Botox နဲ့ injectable filler မှာနာမည်ကြီးပါတယ်။ အရေးအကြောင်းတွေ လျော့ချပေးတဲ့ မျက်ခွံ၊ မေးစေ့၊ ပါး စတဲ့ပြုပြင်မှုတွေအတွက် ထင်ရှားပါတယ်။ နှစ်စဉ် ကမ္ဘာအဝှမ်းက လူဦးရေ ၆သောင်းကိုးထောင်ခန့်ဟာ နှုတ်ခမ်းပြုပြင်ဖို့အတွက်
အီတလီကို လာရောက်ကြတယ်လို့ ဆိုပါတယ်။

၇။ Greece (ဂရိ)

ကောင်းမွန်တဲ့ ဝန်ဆောင်မှု၊ ပစ္စည်းကိရိယာ နဲ့ ဆာဂျရီအတွက် ဈေးနှုန်းသင့်တင့်မှုမှာ ဂရိနိုင်ငံက နေရာယူထားပါတယ်။ ပြည်သူတွေသာမက တိုးရစ်တွေပါ နှစ်ခြိုက်တဲ့ နိုင်ငံတစ်ခုပါ။ ရင်သားကြီးထွားအောင်ပြုပြင်ခြင်း နဲ့အမျိုးသားအဂါြင်္ကီးထွားအောင်ပြုပြင်ခြင်းမှာ ဂရိက ကျော်ကြားပါသတဲ့။အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အမျိုးသားအဂါြင်္ကီးထွားအောင်ပြုပြင်တဲ့ ခွဲစိတ်မှုဟာ ဂရိဟာ အများဆုံးပြုလုပ်ပေးရတဲ့ နိုင်ငံတစ်ခုလို့ သိရပါတယ်။

၈။ South Korea (တောင်ကိုးရီးယား)

ကိုယ်တွေ အနေနဲ့ သိတာက ထိုင်းနဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေထဲက မင်းသား မင်းသမီးချောချောလေးတွေကြောင့် ဒီနိုင်ငံနှစ်ခုဟာ ဆာဂျရီမှာ နာမည်ကြီးတယ်ဆိုတာလောက်ပါ။ ဒါပေမယ့် တောင်ကိုးရီးယားက နံပါတ် ၈နေရာမှာပဲရှိပါတယ်။ K-Pop တွေ သူတို့နိုင်ငံမှာ ခေတ်စားလာတာနဲ့အမျှ ငယ်ရွယ်တဲ့ ပရိတ်သတ်ဟာ သူတို့ Idols တွေနဲ့တူအောင် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ကြပါတယ်။ ကိုးရီးယားနိုင်ငံမှာ လူတစ်ထောင်မှာ ၁၀ယောက်ဟာ ခွဲစိတ်ပြုပြင်မှု ပြုလုပ်ကြတယ်လို့ စစ်တမ်းကဆိုပါတယ်။ နိုင်ငံတစ်ခုလုံးရဲ့ မိန်းခလေးဦးရေ ၂၀% ဟာ ခန္ဓကိုယ်တစ်ခုလုံးအပါအဝင် အချို.က အသေးစားခွဲ
ခွဲစိတ်မှုလေးတွေပြုလုပ်ကြပါတယ်။ ကိုးရီးယားမှာ အများဆုံး ပြုပြင်မှုလုပ်တဲ့ အစိတ်အပိုင်းကတော့ blepharoplasty ခေါ်တဲ့ မျက်ရစ်ဖော်တဲ့ ဆာဂျရီပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံသူတွေရဲ့ မျက်လုံးမျိုးလေးတွေ ရရှိဖို့ ကိုးရီးယားလူမျိုးတွေဟာ 2010 စစ်တမ်းအရ လူဦးရေ ၄သောင်း ၄ထောင်ခန့် မျက်ခွံ (၂)ထပ် ဆာဂျရီ(double eyelid surgeries) ပြုလုပ်ခဲ့ပါတယ်။ နောက်တစ်မျိုး နာမည်ကြီးတဲ့ ပြုပြင်မှုက rhinoplasty လို့ခေါ်တဲ့ နှာခေါင်းပြုပြင်ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။

၉။ Croatia and Turkey (ခရိုအေးရှား နှင့် တာကီ)

အလှအပဆိုင်ရာခရီးသွားများ အများဆုံးလည်ပတ်တဲ့ နောက်တစ်နေရာကတော့ ခရိုအေးရှား နှင့် တာကီ နိုင်ငံပဲ ဖြစ်ပါတယ်။ လှပတဲ့ ရှုမျှော်ခင်းနဲ့ နေရောင်ခြည်အောက်မှာ အနားယူဖို့သာမက ဆာဂျရီပြုလုပ်ဖို့အတွက် နှစ်စဉ်တိုင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု မြင့်တက်လျှက်ရှိပါတယ်။ဝန်ဆောင်မှုမြင့်မားခြင်း ဈေးနှုန်းချိုသာခြင်းတို့ကြောင့်လဲ ပါပါတယ်။

၁၀။ India (အိန္ဒိယနိုင်ငံ)

အိန္ဒိယ ရဲ့ မွန်ဘိုင်းမြို.တော်ဟာ ပလတ်စတစ် ဆာဂျရီများစွာ ပြုလုပ်တဲ့ မြို.တစ်ခုဖြစ်ပါတယ်။ ကိုယ်တွေကြည့်တဲ့ အိန္ဒိယရုပ်ရှင်ထဲက မင်းသမီးချောချောလေးတချို.ဟာ ဆာဂျရီများလုပ်ထားလေသလား သံသယဝင်ချင်စရာပါ။ထောင်ချီတဲ့ ခရီးသွားတွေဟာ ဆာဂရီပြုလုပ်ဖို့ မွန်ဘိုင်းကို အလည်သွားကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံသူ နိုင်ငံသားအချို.ဟာ ကမ္ဘာပေါ်မှာ လှပတဲ့ မျက်နှာပိုင်ရှင်တွေ ရှိတဲ့ထဲမှာပါဝင်တယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။ အထက်တန်းနိုင်ငံတွေမှာရတဲ့ ဝန်ဆောင်မှုမျိုးနဲ့ညီမျှတဲ့ ဝန်ဆောင်မှုမျိုးကို မွန်ဘိုင်းမှာရရှိနိုင်ပြီး ကုန်ကျစရိတ်ကတော့ ထိုနိုင်ငံတွေထက်များစွာသက်သာပါတယ်။
ကမ္ဘာအဝန်းမှာ လူဦးရေ ငါးသိန်းခန့်ဟာ အိန္ဒိယနိုင်ငံကို နှစ်စဉ်တိုင်း ဆာဂျရီအတွက် လာရောက်လည်ပတ်ကြပါတယ်။ အင်္ဂလိပ်ဘာသာစကားဟာ အိန္ဒိယ နိုင်ငံရဲ့ ဒုတိယ ဘာသာစကားအဖြစ်အသုံးပြုတာကြောင့် ပြောဆိုဆက်ဆံရာမှာ ရှင်းရှင်းလင်းလင်း ပိုမိုသိရှိသလို ခွဲစိတ်ပြုပြင်မှုအတွက် ပိုမို ထိရောက်ပါတယ်။အံသြဖို့ကောင်းတဲ့ ပြုပြင်မှုက ခြေထောက်ရှည်ဆန့်အောင်ပြုလုပ်ခြင်းဆိုတဲ့ Limb lengthening sergery ပဲဖြစ်ပါတယ်။ မွေးရာပါ ခြေထောက်ကောက်နေတာကို ဖြောင့်တန်းအောင်ပြုလုပ်ကြသလို၊ အရပ်ပုနေတာကို ရှည်အောင် (အရိုးဆက်တာမျိုး) ပြုလုပ်ကြတာပါ။ စွန့်စားရာကျပြီး အန္တရာယ်လည်းများပေမယ့် အများစုက အိမ်ထောင်ရေး နဲ့ အသက်မွေးမှုလုပ်ငန်း မျှော်လင့်ချက်အတွက် ဒီ ဆာဂျရီကို ပြုလုပ်သူ အများအပြားရှိလာပါတယ်။ (Documetory တစ်ခုကြည့်ဖူးပါတယ်။ အတော်လေးကို နာကျင်ခံခက်တဲ့ ခွဲစိတ်မှုမျိုးဖြစ်လို့ ခွဲစိတ်မှုပြုလုပ်တဲ့သူကိုယ်တိုင် ငါဘာလို့လုပ်ခဲ့မိသလဲ နောင်တရတဲ့အထိနာကျင်ပါသတဲ့)..ရှိတဲ့ အရပ်လေးကို တန်းဖိုးထားကြပါနော် ချစ်တို့ 🙂

၁၁။ Prague

Czech Republic ရဲ့ မြို.လေးတစ်ခုဖြစ်တဲ့Prague မြို.ဟာ အခြားနိုင်ငံတွေလိုပဲ ဈေးနှုန်းသက်သာပြီး ထောက်ကူပစ္စည်း၊ ဝန်ဆောင်မှုကောင်းရုံသာမက အတွေ.အကြုံအရည်အချင်းရှိတဲ့ဆရာဝန်တွေကြောင့် ဆာဂျရီပြုလုပ်ဖို့ ခရီးသွားတွေ အတော်များများ လည်ပတ်တဲ့ မြို.လေးပဲ ဖြစ်ပါတယ်။

၁၂။ Germany (ဂျာမနီ)

အနောက် ဥရောပနိုင်ငံတွေထဲမှာ ပလတ်စတစ်ဆာဂျရီနဲ့ပါတ်သက်ပြီး ထင်ရှားတဲ့ နိုင်ငံကတော့ ဂျာမနီပဲဖြစ်ပါတယ်။ ဥရောပနိုင်ငံသားအများစုဟာ ဝန်ဆောင်မှု မြင့်မားကောင်းမွန်ပြီးဈေးနှုန်းသက်သာတဲ့ အတွက် အလှအပအတွက်ဆို ဂျာမနီနိုင်ငံကို အလည်အပတ်သွားလေ့ရှိကြပါတယ်။
.

(knightsbridgefx-com မှ Article အား ဆီလျော်အောင် ဘာသာပြန်သည်)

×