News

  • 0
  • March 16, 2018

ဘွဲ့မရသေးသည့် တက္ကသိုလ်ကျောင်းသားများပါ လျှောက်ထားနိုင်တဲ့ အာဆီယံ-ကနေဒါ ပညာသင်ဆု

ကနေဒါနိုင်ငံမှ ပေးအပ်မယ့် “2030 Agenda for Sustainable Development 2018-2019 Academic Year Canada-ASEAN Scholarship and Educational Exchange for Development (SEED)” ပညာသင်ဆုကို ဘွဲ့မရသေးတဲ့ တက္ကသိုလ် ကျောင်းသားများပါ လျှောက်ထားနိုင်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။ ပညာသင်ဆုအစီအစဉ်မှာ ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကောလိပ်ကျောင်းသားများအတွက် ပညာသင်ကာလ (၄)လမှ (၈)လအထိ သတ်မှတ်ထားပြီး ဘွဲ့ရရှိပြီးသူတွေအတွက် ပညာသင်ကာလ (၄) လမှ (၆) လအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ရွေးချယ်ခြင်းခံရပါက ပြည်ဝင်ဗီဇာကြေး၊ ပညာသင်/အလုပ်ပါမစ်ကြေး၊ လေယာဉ်လက်မှတ်ခ၊ ကျန်းမာရေးအာမခံနဲ့ နေထိုင်စားသောက်စရိတ်တို့ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ကျခံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆုတွေကို သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီတဲ့ ကုန်သည်စက်မှုအသင်းချုပ်ဝန်ထမ်းများ၊ ညီနောင်အသင်းများမှ ဝန်ထမ်းများ၊

  • 0
  • March 16, 2018

နေပြည်တော်နှင့် မိတ္ထီလာတွင် MBA နှင့် MPA သင်တန်းများဖွင့်မည်

စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) အမှတ်စဉ် (၁) သင်တန်းများအတွက် လျှောက်လွှာတွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။ ဒီသင်တန်းတွေကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နဲ့ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနရဲ့ အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန (နေပြည်တော်) တို့ပူးပေါင်းဖွင့်လှစ် တာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ သတ်မှတ်ထားတဲ့ သင်ရိုးအတိုင်း အချိန်ပြည့် တက်ရောက်နိုင်သူတွေ ဖြစ်ရပါမယ်။ တက်ရောက်လိုသူတွေဟာ ရေးဖြေစာမေးပွဲကို ဖြေဆိုရမှာဖြစ်ပြီး သင်တန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းနဲ့ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှာ မတ်လ ၂၁ ရက်မှ စတင်ကာရယူနိုင်ပါတယ်။ ၀င်ခွင့်ရေးဖြေစာမေးပွဲ အတွက် လျှောက်လွှာတွေကိုတော့ မေလ ၁၁ ရက် နောက်ဆုံးထားကာ အမျိုးသားမှတ်တမ်းများ

  • 0
  • March 16, 2018

ဘွဲ့ရရှိပြီးသူတွေအတွက် နိုင်ငံတကာ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

ဘွဲ့ရရှိပြီးသူတွေအတွက် နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ဆွေးနွေးပွဲကို မတ်လ ၃၁ ရက်မှာ တောင်ကြီးမြို့Cherry Queen Hotel ခန်းမမှာလည်းကောင်း၊ ဧပြီလ ၁ ရက်မှာ မန္တလေးမြို့ Swan Hotel (ရတနာခန်းမ) မှာလည်းကောင်း နေ့လယ် ၁ နာရီမှ ၃ နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပွဲမှာ သြစတြေးလျတက္ကသိုလ် James Cook University (JCU) ရဲ့ဇူလိုင်လနဲ့ နိုဝင်ဘာလ ကျောင်းဖွင့်ချိန်တွေ အတွက် ပထမဦးဆုံးကျောင်းလျှောက်ထားသူ ၅ ဦးကို ကျောင်းဝင်ကြေး “ အခမဲ့ ” ပေးအပ်မယ့်အကြောင်းနဲ့ JCU မှ ဘွဲ့ရကျောင်းပြီး သူများအတွက် နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း ဆွေးနွေးပွေးသွားမှာဖြစ်ပါတယ်။ အနိမ့်ဆုံးပညာအရည်အချင်းအနေနဲ့ တက္ကသိုလ်ဝင်တန်း (၁၀) တန်းအောင်၊

  • 0
  • March 16, 2018

သြစတြေးလျနိုင်ငံ ပညာရေးပြပွဲ ၂၀၁၈ ပြုလုပ်မည်

သစတြေးလျနိုင်ငံ ပညာရေးပြပွဲ ၂၀၁၈ ကို ဧပြီလ ၈ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ Novotel Hotel Max မှာလည်းကောင်း ဧပြီလ ၇ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ Hotel Mandalay မှာ လည်းကောင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲကို Bridge Blue Myanmar ကနေ ကြီးမှူးကျင်းပတာဖြစ်ပြီး သြစတြေးလျတက္ကသိုလ်နှင့် ကျောင်းများမှကိုယ်စားလှယ်များနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးပြီး မိမိပညာသင်ယူရန် ရွေးချယ်နိုင်မယ့် ပညာရေး၊ ပညာသင်ဆု အခွင့်အရေးများကို လာရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သြစတြေးလျနိုင်ငံ ပြည်ဝင်ခွင့် (ဗီဇာ) လျှောက်ထားမှု ကျောင်းနေစဉ် အလုပ်အခွင့်အရေးတွေ၊ ကျောင်းပြီးလျှင်

  • 0
  • March 15, 2018

၂၀၁၇ ခုနှစ်အတွက်ပေးအပ်မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲ မတ် ၂၃ ရက် ညနေ ၃ နာရီတွင် စတင်မည်

၂၀၁၇ ခုနှစ်အတွက်ပေးအပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ် ၂၃ ရက် ညနေ ၃နာရီတွင် ရန်ကုန်မြို့ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များ အပါအ၀င် လူသုံးထောင်ခန့်အား ပွဲတက်ရောက်နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ယခုနှစ်တွင် အကယ်ဒမီထူးချွန်ဆု ပေးအပ်ပွဲကျင်းပမည့် Myamar Event Park ၀င်ပေါက်၌ ခေတ်အဆက်ဆက် မြန်မာ့ဂန္ထ၀င်ရုပ်ရှင်ဇာတ်ကားများ၏ ပန်းချီကားများအား ချိတ်ဆွဲ ပြသထားရန်လည်း စီစဉ်ထားကြောင်း သိရသည်။ “အခုနှစ်မှာကျင်းပမယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ လူသုံးထောင်ကို ဖိတ်ကြားနိုင်ဖို့ စီစဉ်ထားပါတယ်။ အဓိကတော့ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်တွေ စုံလင်စွာ ဖိတ်ကြားစေနိုင်ဖို့အတွက်ပါ။ နိုင်ငံတော်က တာဝန်ရှိသူတချို့လည်း တက် ရောက်ကြမှာဖြစ်ပါတယ်။

  • 0
  • March 12, 2018

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေရဲ့ ပညာရေးပြပွဲ ၂၀၁၈ ပြုလုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ -ကမ္ဘာ့ထိပ်​တန်း တက္ကသိုလ်​​တွေရဲ့ ​ကျောင်းဝင်​ခွင့်​ လိုအပ်​ချက်​​တွေနဲ့ ပတ်သက်​ပြီး World-Class Education Exhibition ပွဲကို မတ်လမှာ ရန်ကုန်မြို့နဲ့ မန္တလေး မြို့ကြီး​တွေမှာ ပြုလုပ်​မယ်​လို့ သိရ ပါတယ်​။ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်​တွေက ပေးအပ်ချီးမြှင့်မယ့်​ ဘွဲ့ဒီဂရီ​ တွေကို ရွေးချယ်တက်ရောက် လိုတဲ့မြန်မာကျောင်းသူ၊ ကျောင် သား ​တွေအတွက် ပညာရေး သ တင်း အချက်အလက်​တွေကို လေ့လာခွင့်​ရရှိမှာ ဖြစ်​ပါတယ်​။ Woorld-Class Education Exhibition ကို မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့နဲ့ မတ် လ ၂၅ ရက်နေ့ မန္တလေးမြို့ တို့မှာ ကျင်းပမှာဖြစ်​ပါတယ်​။ မတ်လ ၂၄ ရက် စနေနေ့မှာ ပြုလုပ်​မယ့်​ Woorld-Class Education

  • 0
  • March 8, 2018

တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို ပျက်ကွက်သူ ငါးသောင်းကျော်ရှိ

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၇ ရက်တွင် စတင်ဖြေဆိုရာ ဖြေဆိုရန်စာရင်းပေးသူ ရှစ်သိန်းကျော်အနက် ပျက်ကွက်သူ ငါးသောင်းကျော်ရှိသည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာသည်။တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် ဖြေဆိုရန် စာရင်းပေးသူ ၈၄၄,၃၅၈ ဦးရှိသည့်အနက် ၇၈၈,၈၆၃ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ပျက်ကွက်သူဦးရေအများဆုံးဖြစ်သည်။ ‘‘ပျက်ကွက်သူကတော့ နှစ်စဉ် အနည်းနဲ့အများရှိတာပါပဲ။ ဒီနှစ် ကတော့ ဖြေဖို့စာရင်းပေးထားတဲ့သူက အရင်နှစ်တွေထက်များတယ်။ ပျက်ကွက် ဒီထက်များမယ်ထင်တာ။ အခုလောက်က မဆိုးဘူးပြောရ မယ်’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြတ် ကျော်ကပြောသည်။ ‘‘မြန်မာစာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူအများ စု ဖြေနိုင်ကြပါတယ်။ အေးအေး ဆေးဆေးပဲ။ ကူးဖို့ ယူလာတာ ဘာညာလည်း ဆရာမစောင့်ရတဲ့ အခန်းမှာတော့ မရှိဘူး။ ပါလာ လည်း

  • 0
  • March 5, 2018

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးရုံစာစစ်ဌာနငါးခုဖွင့်မည်

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးရုံစာစစ်ဌာနငါးခုဖွင့်မည် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ကုသနေရသော ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုမည့်သူများအတွက် တစ်နိုင်ငံ လုံးတွင် ဆေးရုံစာစစ်ဌာနငါးခု ဖွင့်လှစ်ပေးမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးမိုးမြတ်ကျော်က ပြောကြား သည်။ ရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာနယ်နိမိတ်ရှိ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသ မီးဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ (ဝေဘာဂီ) ကူးစက်ရောဂါကု ဆေးရုံကြီးတို့တွင် တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနများ ဖွင့်လှစ် ပေးရန်စီစဉ်ထားပြီး မန္တလေးပြည် သူ့ဆေးရုံကြီး၌လည်း ဆေးရုံစာ စစ်ဌာန ဖွင့်လှစ်ပေးမည်ဖြစ် သည်။ ထို့ပြင် ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်များရှိ သက်ဆိုင်ရာတိုက် နယ်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံ များတွင် စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ပေးထားသည်ဟု ဦးမိုးမြတ် ကျော်က ဆိုသည်။ ‘‘ဆေးရုံတက်နေရတဲ့သူတွေ

  • 0
  • February 27, 2018

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ သတိပြုရမည့် စာမေးပွဲစည်းကမ်းချက်များ

အခြေခံပညာအဆင့် ပြီး မြောက်ကြောင်း စစ်ဆေးသည့်စာ မေးပွဲဖြစ်သည့်အပြင် အဆင့်မြင့် ပညာရေး(တက္ကသိုလ်ပညာရေး) နှင့် အသက်မွေးဝမ်းကျောင်းပညာ ရေးတို့ ဆက်လက်သင်ယူခွင့်အ တွက် အဆုံးအဖြတ်ပေးသည့်စာ မေးပွဲဖြစ်ခြင်းကြောင့် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာမေးပွဲခန်း စောင့်ကြပ်သည့် ဆရာ၊ ဆရာမများအတွက် တင်း ကျပ်သည့် စာမေးပွဲစည်းမျဉ်းစည်း ကမ်းများကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ချမှတ်ထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေ ဆိုသူများလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသော် လည်း စာမေးပွဲစည်းကမ်းဖောက် ဖျက်မှု၊ မသမာမှုများကြောင့် နှစ်စဉ် အရေးယူခံရမှုများရှိခဲ့သည်။ ‘‘မသမာမှုတွေကတော့ နှစ် စဉ်ရှိနေတယ်။ စာမေးပွဲမှာမသမာ မှုနဲ့ သက်ဆိုင်တဲ့ပစ္စည်းပစ္စယ၊ စာ ရွက်စာတမ်းဒါတွေကတော့ လုံးဝ ယူလို့မရဘူး။ သူတို့ကို အကြိမ် ကြိမ်သတိပေးတယ်။ စာမေးပွဲခန်း အခန်းဝရောက်တဲ့ထိကို အကြိမ် ကြိမ်ပြောတယ်။

  • 0
  • February 27, 2018

World-Class Education Exhibition 2018 ပွဲ မတ်လတွင် ပြုလုပ်မည်

နိုင်ငံတကာပညာရေး သတင်းအချက်အလက်များကို လေ့လာလိုသူတွေအတွက် World-Class Education Exhibition ကို မတ်လမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲကို မတ်လ ၂၄ ရက်၊ မနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ ရန်ကုန်မြို့ရှိ Novotel Hotel (Level-4) မှာလည်းကောင်း၊ မတ်လ ၂၅ ရက်၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့ရှိ Hilton Mandalay Hotel (Amarapura Ballroom) မှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြပွဲမှာ နိုင်ငံတကာတက္ကသိုလ်များ တက်ရောက်ရန် မရွေးချယ်မီ ပြင်ဆင်ထားရမယ့် ပညာရေးဆိုင်ရာ ပြင်ဆင်မှုများအပြင် လက်ရှိပညာအရည်အချင်းပေါ် မူတည်ပြီး အနာဂတ်အတွက် ထိပ်တန်းတက္ကသိုလ်တွေမှာ